Friday, July 29, 2011
မျိုးနွယ်မဟာ
သာသနာရောင်ဝင်း ထိန်ဝါလင်းလို့ 
ထွန်းလင်းသည်သာ ပြည်မြန်မာ
မဟုပ်သတင်း သွေးခွဲခြင်းနှင့် 
အတင့် ရဲစွာကျူးကျော်လာငြား
ရှမ်း ချင်း ကချင် မွန် ကရင် နှင့်
ကယား ရခိုင် ဗမာတိုင်းဟု
ခေါ်ဆိုပေသည် ဒို့ ဤမြေသည်
ညီညွတ်တဲ့အား မြန်မာပြည်သား
စည်းလုံးတဲ့အား မြန်မာပြည်သား
ဘယ်သူခွဲခွဲ ဒို့ မကွဲ
သွေးခွဲလာသူ ဒို့ ရန်သူ ။
                   (မြင့်မြင့်ကြည်အငြိမ့်ခွေထဲမှကောက်နှုတ်ချက်)
Thursday, July 28, 2011
ဤလက်များဖြင့်
ဤလက်များဖြင့် တံတားလမ်းတာ
အိမ်ဂေဟာနှင့် များစွာယဉ်တို့ 
စက်ရုံတို့ ကို ငါတို့  တည်ဆောက်နိုင်ကြ၏ ။
ဤလက်များဖြင့်  ဆေးကားပန်းချီ
စာအဆီနှင့် ဂီတပညာ နုပညာကို
ငါတို့ ဖန်တီးနိုင်ကြ၏ ။
ဤလက်များဖြင့် မတရားသမှု့
အစုစုကို ငါတို့ အန်တု တိုက်နိုင်၏ ။
ဤလက်အများ ညီညာဖျကြွ
ရှိသမျှလျှင် လောက ကမ္ဘာ
နေထိုင်ရာဝယ် ငါ တို့ ဘာကိုကြောက်အံ့ နည်း ။
          ( မှတ်မှိသလောက်ရေးသည် )
Wednesday, July 27, 2011
ဗမာသား
ဗမာသား ရွှေဓါးကိုတော့ဝင့်ကာရွယ်
ဝတိံနန်းဆီက တိမ်ပန်းကိုဆွတ်ခူးမယ်ကွယ့် 
ရဲလှသူငယ် မေ့သက်ရယ် ငယ်ပါလှသေး
နောင်တစ်ခေတ်တွင်မှ
အောင်စစ်သည်ဇာနည်များလိုပ
စစ်မြေပြင်ကာကွယ်ထွက်ခါ
မြန်းရမယ်လေး။  ။
                  ( ဒုတိယတန်းကဗျာ)