Monday, June 16, 2014
ပစ်မှတ်
လည်စဉ်းစားမိကြမှာပဲနော်။ တစ်ချို့ အရာတွေကြတော့  သိပ်မဆန်းတာ
တွေရှိကြပေမယ့် မေ့ပျောက်လို့ မရတာတွေတော့ ကိုယ်စီရှိကြမှာပဲ။
တကယ်တော့  ကျွန်တော်ဝါသနာပါတာက စစ်သားဗျ။ ရည်ရွယ်ချက်က
လည်းတော်တော်ကြီးမားပါတယ်။  နိုင်ငံတော်ကိုကာကွယ်ချင်တာထက်
သေနတ်ပစ်ချင်လို့ လေ ပြီးတော့ ပဲလည်းကြိုက်တယ်ဗျ။   
စိတ်ကလည်းတိုတတ်ပ…တစ်ခါတစ်လေလူသတ်ချင်စိတ်ပေါက်တယ်။
တပ်ထဲဝင်မယ်ဝင်မယ်နဲ့ ကျွန်တော့် အသက် ၁၃ နှစ် အရွယ်မှာမန္တလေး
မန်းသီတာဥယျာဉ်ထဲမှာရှိတဲ့ တပ်မတော်သားတွေဆီသွားပြီး ကျွန်တော်
စစ်ထဲဝင်ချင်တဲ့အကြောင်းပြောတော့  ညိုထွားထွား ဘဘ  စစ်သားကြီး
တစ်ယောက်က သား ငယ်သေးတယ် တပ်ထဲဝင်လို့ မရသေးဘူး။ သားမိ
ဘတွေ  စိတ်ပူ နေကြလိမ့်မယ် အိမ်ပြန် ကျောင်းပြန်တက် ဆိုပြီးမုန့် ဘိုး
ပိုက်ဆံပေးပြီးပြန်လွှတ်တယ်ဗျာ။ ကျွန်တော်လည်းစိတ်တိုပြီးပြန်လာခဲ့ရ
တယ်လေ့
ယခုချိန်ထိ ကျွန်တော်ကိုပြန်လွှတ်တဲ့ ဘဘစစ်သားကြီးကိုသတိရနေပြီး
ကျန်းမာပါစေလို့ လည်းဆုတောင်းလျှက်ပါ..   ကံမကုန်ရင်တော့ပြန်ဆုံ
ချင်ပါသေးတယ် ဘဘ။
ဒီလိုနဲ့  ၀ါသနာက ဖျောက်လို့ မရဘူး  ငယ်ငယ်လေးကတည်းက  ကျွန်
တော်ဆိုတဲ့ကောင်က ခါးကြားမှာ ဓါးမြှောင်(သို့ မဟုတ်) ကလေးကစား
တဲ့ပစ္စတိုခြောက်လုံးပြူး တစ်ခုခုတော့ရှိနေမှ စားဝင်အိပ်ပျော်တာ။
တဖြည်းဖြည်းနဲ့ မိသားစု စားဝတ်နေရေးတာဝန်တွေ ညီ ညီမလေးတွေ
တယ်။ကျွန်တော် အရွယ် လည်းရောက်ရောတပ်ထဲမ၀င်ဖြစ်တော့ပါဘူး
ဗျာ့ ။
  ဒါနဲ့ပဲ  ကလေး  ဘ၀က အတွေ့  အကြုံတွေ  ကိုပြန်ပြောပြချင်တယ်။
ကျွန်တော်ပိုက်ဆံလေးတွေစုမိတဲ့ အခါတိုင်း  တရုတ်တန်း ဈေးသွားပြီး     
တရုတ်နိုင်ငံထုတ် လေသေနတ်၊ ပစ္စတို၊ယမ်းသေနတ် စသဖြင့်အမျိုးစုံ
လင်သောကစားစရာ သေနတ်တွေကိုဈေးကြီးကြီး ပေးဝယ်တတ်တဲ့အ
ကျင့်ရှိတယ်ဗျ။  ၀ယ်ပြီးရင်တော့  My house I king  ပေါ့ ဗျာ( ငါ့အိမ်
မှာငါဘုရင် )ပါတ်ဝန်းကျင်ကလူတွေအလုပ်တွေသွားကြပြီးတိတ်ဆိတ်
နေတဲ့အချိန်မှာ ကျွန်တော်တစ်ယောက်ထဲ ပစ်တော့တာပဲ။
ကျွန်တော်လက်တည့်စမ်းတာ  ယင်ကောင်တောင်  ကျွန်တော်ရှေ့ က
ဖြတ်မပျံရဲပါဘူး။  အိမ်နံရံမှာချိတ်ထားတဲ့ပြက္ခဒိန်တွေလည်း အပေါက်
တွေချည်းပါပဲ ကျွန်တော်ပစ်တာလေ။
အိမ် မှာဆို ကွဲတတ်တဲ့မှန်၊ ဖန်ခွက်၊ သောက်ရေခွက်  မှန်သမျှအကုန်
သိမ်းထားရတယ်။ကျွန်တော်လက်ချက်ကြောက်လို့ ။
အိမ်မှာ ရှိတဲ့တိုင်ကပ်နာရီကြီး မှန်တွေကွဲပြီး စက္ကန့် တံတွေပြုတ်ထွက်
ကုန်တာလည်းကျွန်တော်ပါပဲ ။ အိမ်ကလူတွေဘယ်သူမှမသိကြပါဘူး။
ကျွန်တော့်  သေနတ်က ပြောင်းချောဆိုတော့  သိကြတဲ့အတိုင်းပေါ့ဗျာ 
တရားတွေကိုနားလည်ထားဖို့လိုအပ်တယ်ဗျ။ 
ပစ်မှတ်တစ်ခုကိုပစ်တဲ့အခါမှာလည်း အချိန်အခါ၊ အကွာအဝေး၊ ရေဆွဲ
အား၊လေတိုက်နှုန်း  ဒါတွေကို ခန့် မှန်းတွက်ချက်ပြီးပစ်ခတ်ရတယ်လို့
ကြားဘူးတယ်။နယ်မြေကျွမ်းကျင်မှုကတော့အရေးအကြီးဆုံးပေါ့။ 
အခုတော့ အသက်အရွယ်လေးက စီးပွားရေးဆိုတဲ့   ဘ၀တိုက်ပွဲခွင်မှာ
သားကောင် ကိုသူနဲ့ ငါ အပြိုင်ရှာပြီးပစ်ခတ်တိုက်ခိုက်နေကြရပြီလေ့ 
နည်းပညာ စီပွားရေး သေနတ်သမား ချင်းဆိုရင်တော့ ကျွန်တော်လည်း
စနိုက်ပါတစ်ယောက်ပါပဲ။ ပစ်မှတ်ကိုတော့ အမြဲမပြတ်ရှာဖွေရပါတယ်။
စိတ်ရှည်ပြီး တည်ငြိမ်မှုရှိရပါတယ်။
သားကောင်ကို  ချက်ကောင်းထိမှန်အောင် ရှာဖွေပစ်ခတ်နိုင်တာထက် 
ကိုယ်သားကောင်ဖြစ်မသွားဖို့ရာလည်းအထူးသတိရှိရပါတယ်။ယုံကြည်
မှုလွန်ကဲလို့  ကိုယ်ကိုတိုင်သားကောင်အဖြစ်မျိုးကြုံခဲ့ဘူးပါတယ်။
ငယ်စဉ်ကသေနတ်ပစ်ဝါသနာပါခဲ့တဲ့ကျွန်တော်ဟာ ခုတော့မိသားစုအ
တွက် သားကောင် ရှာဖွေ ပစ်ခတ်ပေးနိုင်သော  စနိုက်ပါ   (မုဆိုး)တစ်
ယောက်နေရာမှာတာဝန်ယူနေရပါပြီ။
တစ်ချို့ လူတွေကတော့  တကယ့်သေနတ်ပစ်တယ်ဆိုတာ ကြမ်းတမ်း
တယ်၊ ရိုင်းစိုင်းတယ်၊ လူသတ်တယ်  လို့ ထင်ချင် ထင်ကြပါလိမ့်မယ်။
ကျွန်တော်အနေနဲ့ တော့အဲဒီလိုမထင်မိပါဘူး ။  သေနတ် ပစ်တယ်ဆို
အဓိပ္ပာယ်ဖွင့်ဆိုချင်ပါတယ်။
နိုင်ငံငံတိုင်းမှာရှိကြတဲ့တပ်မတော်တိုင်းအတွက်လက်ဖြောင့်တပ်သား
ဆိုတာမရှိမဖြစ်လိုအပ်ပါတယ်။ထို့အတူမိသားစုတိုင်းမှာလည်းသာမန်
တပ်သားတစ်ယောက်ထက် ကျွမ်းကျင်သော စနိုက်ပါတစ်ယောက်ရှိ
သင့်တယ်လို့ ယူဆမိပါတယ်။ 
ဒါကြောင့် မည်သူမဆို မိမိ ဘယ်အရာကို ၀ါနာပါတယ် ဆိုတာအရင်
ဆုံးသိအောင်လုပ်ပါ။  ဘ၀မှာမိမိဝါသနာပါတာနဲ့ ထပ်တူထပ်မျှမကျ
ခဲ့ရင်တောင်  မိမိဝါသနာနှင့်  အနီးစပ်ဆုံး သဘောတရားတွေကိုနှိုင်း
ယှဉ်ပြီး ဘ၀ ရပ်တည်  ရှင်သန်ရေးအတွက် မိမိလုပ်ငန်းခွင် ဆိုင်ရာ
ပစ်မှတ်  သားကောင်များကို ထိမှန်အောင် ပစ်ခတ်နိုင်ကြပါစေ့ ။
                                                        သံလာဝတီ(မုံရွာ) 
                                                        (၁၄-၀၆-၂၀၁၄)