Thursday, September 8, 2011

သင်သေသွားသော်

လူ့ ပြည်လောက၊ လူ့ ဘ၀ကား
အိုရ  နာရ သေရဦးမည်၊
မှန်ပေသည်တည့်။
သို့ တပြီးကား၊ သင်သေသွားသော်
သင်ဖွားရာမြေ၊ သင်တို့ မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏
သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်
သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း။     ။
                               ဇော်ဂျီ

No comments:

Post a Comment