Sunday, March 17, 2013
အနုပညာရှင်ဆိုသည်မှာ
          အနုပညာဆိုသည်မှာ ကမ္ဘာလူသားအားလုံးများနှင့်
အတွက်လိုလည်းလိုအပ်လေးစားလည်းလေးစားအပ်သော
ပညာတစ်ရပ်ဖြစ်ပေသည်။
        နှစ်ပေါင်းနှစ်ထောင်ကျော် ကိုယ့်အမျိုး၊ကိုယ့်ဘာသာ၊
ကိုယ့်သာသနာ၊ ကိုယ့်စာပေကို  မတိမ်ကော မပျောက်ပျက်
အောင်ထိမ်းသိမ်းလာသော မြန်မာအမျိုးသားများ၏ အနုပညာ
သည် မည်မျှလောက်ထိ နှက်ရှိုင်းသည်ဆိုတာ မဖော်ပြနိုင်သ
လောက်ပင်၊
              ဒါတင်မကရှေးမြန်မာဘုရင်အဆက်ဆက်တိုင်းက
လည်းမြန်မာ့အနုပညာရက်စုံကို အမျိုးသားယဉ်ကျေးမှုအဖြစ်
အားပေးသမှုပြုခဲ့ကြသည်။ ဒီတော့အနုပညာဆိုသည်မှာဘာ
လဲလို့ အဓိပ္ပာယ်ဖွင့်ကြရအောင်။
      ကမ္ဘာ လောကကြီးမှာ  ရှင်သန်ရပ်တည်နေထိုင်ကြသော
သတ္တ၀ါများ အနက်လူသားသည်  သတ္တ၀ါအားလုံးထက်အသိ
ဥာဏ် မြင့်မားသည်ဆိုသည်မှာ  ငြင်းဖွယ်ရာမရှိ။
လူသားသည် သဘာဝ၏ အကြောင်းကိုနားလည်၏။ကိုယ်ပိုင်ခံ
စားမှု့ ကိုနားလည်သည်။ကိုယ်ပိုင်ခံစားမှု့ မှတဆင့်အများခံစား
ရအောင် ဖန်တီးပေးနိုင်သည်။
ထို့ အပြင်လူသားသည် ကမ္ဘာဦးကျောက်ခေတ်က အစ ယနေ့ 
အနုမြူခေတ်ထိ နယ်ချဲ့  ခြင်း၊ အနိုင်ကျင့်ခြင်း၊လူလူခြင်းခေါင်း
ပုံဖြတ်ခြင်း၊ လူလူခြင်းရက်စက်စွာသတ်ဖြတ်ခြင်း များကို အနု
ပညာသည် တစ်တပ် တစ်အား အနေနဲ့ ပါဝင်  တော်လှန်ခဲ့ကြ
သည်။
ထို့ ပြင်  အမျိုး ဘာသာ သာသနာအတွက် အသက်ကို ပဓာန
မထားပဲ အနစ်နာခံ ပေးဆပ်သွားကြသောသူရဲကောင်းများရဲ့ 
သမိုင်းကိုလည်း ပျောက်ပျက်မသွားရလေအောင်အနုပညာရှင်
များ က အစဉ်တန်ဘိုးထား ထိန်းသိမ်း ဖော်ကျူး  လျှက်ရှိပေ
သည်။
လူသား၏ပင်ကိုသဘာဝသည်  ခံစားမှု့ ရှိ၏။  ခံစားမှု့ ဝင်ရာ
ပြတင်းပေါက် များကတော့  မျက်စိ၊ နားပင် အရင်းခံ ဖြစ်ပေ
သည်။ ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်တစ် ပုခက်ထဲမှာနေက
တည်းက အို့ အို့ အေး ဆိုသော မိခင်၏တေးဆိုချော့သိမ့်မှု
နှင့်အတူနှစ်ခြိက်စွာအိပ်ပျော်ခဲ့ရသည်မှာလည်း နားပေါက်များ
မှဝင်လာသောမေမေ့၏ အနုပညာပင်ဖြစ်သည်။
     ယနေ့ ချိန်ထိ ထိုအနုပညာမှတဆင့် တေးသီချင်းများ ဖြစ်
ပေါ်လာနေခြင်းဖြစ်သည်။ ၂နှစ် ၃နှစ်လောက်တော့ မေမေအ
နားမှာရှိနေစေချင်သည်။ မေမေ့ကိုမမြင်ရလျင်စိတ်ထဲမှာတစ်
မျိုးခံစားရသည်။မေမေ့ကိုမြင်လျင်စိတ်ပျော်ရွှင်သည်။
  အရွယ်ရောက် ကျောင်းတက် စာတွေလည်းတတ်စာတွေဖတ်
တော့ စာတွေထဲမှဘ၀အားမာန်တွေရရှိ ပျော်ရွင်မှု တွေရ ဘဝ
အမောတွေပြေ အဲဒါတွေကအနုပညာပင် မဟုတ်ပါလော။
         ဒီတော့  အနုပညာဆိုသည်မှာ ခံစားမှု့ နှင့်ဆိုင်ပါတယ်။
အဲဒီခံစားမှု့ မှတဆင့် လောကကြီးငြိမ်းချမ်းအောင်လူသားတွေ
ရဲ့ ဘ၀အမောတွေပြေအောင်ဖန်တီးဖော်ဆောင်ပေးနိုင်တာဟာ
အနုပညာပင်ဖြစ်ပါတယ်။  အနုပညာသည်  ဖန်တီးမှု မရှိဘဲငြိမ်
သက်နေလျင်လှိုင်းမရှိသောပင်လယ်ကဲ့သို့ လူ့ ဘောင်လူ့ လော
ကကြီး တင့်တယ်လှပမည်မဟုတ်ပါ။
      ထိုကဲ့သို့ သစ်ရွက်ကြွေသံ လှိုင်းပုတ်သံပင်မကြားရဘဲငြိမ်
သက်နေပါက လူသားတွေရိုင်းသွား နိုင်ပါသည်။ ဖန်တီး မှု ဆို
သည်မှာလည်း  ခံစားမှုမရှိဘဲနဲ့  ဖန်တီး၍  မရနိုင်ပါ။
ဒါ့ကြောင့် ခံစားသူ မှဖန်တီးသူသို့ ၊ ဖန်တီးသူမှခံစားသူသို့ အ
ပြန်အလှန် ဆက်သွယ်နေတာကို အနုပညာဟုခေါ်ဆိုပါသည်။
ဒါ့ကြောင့့်   ဒါ့ကြောင့် ကျွန်တော်တို့  ကျွန်မတို့ သည်  အနု
ပညာကိုများများစားသုံး  များများခံစားတတ်ဖို့ တော့လိုအပ်ပါ
သည်။အမျိုးဘာသာ သာသနာအတွက် အနုပညာကိုနည်းနည်း
ဖန်တီးကြည့်ကြပါစို့ ။  
                                                           သံလာဝတီ
                                                             (မုံရွာ)
No comments:
Post a Comment