Sunday, March 17, 2013
လူငယ်နှင့် "ကင်းထောက်ပညာ'' Scouting for Boys.
             “ကင်း’’ ဆိုလို့ ရှိရင် ကလေးကအစလူကြီးဆုံးအားလုံး
သိကြတာများပါသည်။   တောသူတောင်သားတွေမှာဆိုရင်တော့ 
 “ခြေကင်း’’ “လက်ကင်း’’    “ကင်းမြီးကောက်’’  “ကင်းခြေများ”
“မြွေ’’ စသဖြင့် “ကင်း’’အကြောင်းကိုလူကြီးလူငယ်များနှင့်ယဉ်ပါး
နားလည်နေကြပေသည်။
“ကင်း’’ အကြောင်းကို ထိုမှတဆင့် အဓိပ္ပာယ်ကျယ်ပြန့် လာသော
အခါ  အချိန်မတော် ရပ်ရွာတွေထဲကိုဝင်ပြီး လူတွေ့ ရင်လူဆွဲ၊
နွားတွေ ကျွဲ တိရိစ္ဆာန်တွေကို ခိုးယူ ဖမ်းစား တတ်သောကျားဆိုး
တွေ အန္တရာယ်မှကာကွယ်ရန်၊ တိရိစ္ဆာန်တွေကိုခိုးယူတတ်သော
သူခိုးများ ရဲ့ ဘေးမှကာကွယ်ရန်အတွက်ရပ်ရွာတွေကို ခြံစည်းရိုး
တွေ စုပေါင်းလုပ်ကိုင် “ကင်းတဲ’’များဆောက်ကင်းတဲမှာကင်းများ
စောင့်ပြီးကာကွယ်ကြရပါတယ်။
               ဒါတင်မကလူဆိုး၊သူခိုး၊ဓါးပြ “ကင်း’’အပြင်“မီးကင်း’’
များလည်းစောင့်ကြရပါတယ်။ စစ်သည်တွေမှာတော့ရန်သူ “ကင်း’’
စသည်ဖြင့်   အဆင့်ဆင့်တိုးတက်လာကြပါတယ်။
“ကင်း’’ဘာကြောင့်စောင့် ရပါ၏လော?     ရပ်ရွာအတွက် လူမျိုး၊
လူ့ ဘောင်၊လူ့ အဖွဲ့ အစည်း၊နိုင်ငံတော်အတွက် ဖျက်စီးလိုသည့်
ရန်သူများ၏ရန်ကို   ကြိုတင်ကာကွယ် စောင့်ရှောက်သည့်    သ
ဘောမျိုးဖြစ်တယ်။
         ထိုမှတဆင့်မိမိကိုအန္တရာယ်ပြုမည့်ရန်သူ၏အကြောင်းကို
ကြိုတင်သိထားစေခြင်းငှာ (၀ါ) သိရှိထားတယ်ဆိုရင်ပိုကောင်း
တယ်ဆိုပြီး   တစ်ဆင့် တက်လာသည်မှာ  “ကင်းထောက်ခြင်း’’
ပင်ဖြစ်ပါတယ်။  တစ်နည်းအားဖြင့်ဆိုရသော်  မိမိလူ့ ဘောင်လူ့ 
အဖွဲ့ အစည်းအတွက် အန္တရာယ်ရန်စွယ်မကြုံရလေအောင်  ရန်
သူ့ အကြောင်းကိုကြိုတင် သိရှိထားရန်အတွက် “ကင်းထောက်’’
ဖြစ်ပေါ်လာခြင်းဖြစ်တယ်။
       ကင်းထောက်ပညာအကြောင်းကို သေချာလေ့လာမယ်ဆိုရင်
ပထမကမ္ဘာစစ်မတိုင်မီ (1899)၀န်းကျင်က ကင်းထောက်ပညာကို
မွေးဖွားပေးသော Baden-Powell ဆိုသောပုဂ္ဂိုလ်ကြီး အားမမေ့
ပျောက်သင့်ပေ။
Baden-Powellဟာလူငယ်လေးများအကျင့်စာရိတ္တကောင်းမွန်ရေး၊
လူ့ ကျင့်ဝတ်ကိုနားလည်ရေး၊တစ်ကိုယ်ကောင်းစိတ်ဖယ်ရှားရေးစ
သည်တို့ ကိုရှေ့ ရှုလေ့လာပြီး ကင်းထောက်လုပ်ငန်းကို စတင်မွေး
ဖွားပေးခဲ့သူဖြစ်တယ်။
        Baden-Powell   ကို  22 February 1857 (1857-02-22)
Paddington,London,England ၌ ဖွားမြင်ခဲ့တယ်။ Charterhouse,
public schoolတွင်  ပညာစည်းပူးခဲတယ်။ Baden-Powell   သည်
Oxford University မှ  Professor of Geometryတစ်ဦး၏ခြောက်
ယောက်မြောက်သားဖြစ်တယ်။
Baden-Powell သည်ငယ်ရွယ်စဉ်ကပင် ယောကျာ်းပီသသောစိတ်
၊မြင့်မြတ်သည့်သဘောထား၊ရဲစွမ်းသတ္တိတို့ နှင့်ပြည့်စုံခဲ့သူဖြစ်တယ်။
စွန့် စားတက်ကြွမှုကိုစွဲမက်သော Baden-Powell   သည်1876,ခုနှစ်
အမှတ် 13th Hussars   မြင်းစီးတပ်ထဲသို့ ဝင်ခဲ့တယ်။
ကင်းထောက်အဖွဲ့ ကို Baden-Powell  စတင်တည်ထောင်ခဲ့သည်မှာ
South Africa တိုက်တွင်1896,Second Matabele Warပွဲဖြစ်ပွားစဉ်
နှင့် 16 May 1900၀န်းကျင်က South Africa ရှိ Siege of Mafeking,
 မြို့ ကို ရန်သူ Boer တပ်ကြီးက အင်းအား 8,000 သာလွန်ကာ 217
ရက်ခန့် ကြာအောင်ဝိုင်းထားကြတယ်။
မြို့ တွင်းရှိ  ဗြိတိသျှတပ်ကို ကွပ်ကဲအုပ်ချုပ်သူမှာMajor-General,
ဗိုလ်မူးကြီးRobert Baden-Powell ပင်ဖြစ်တယ်။Mafeking မြို့ ကိုစစ်
ကူရောက်သည်အထိရန်သူလက်ထဲသို့  မကျရောက်အောင်ဆိုသော
ကာလပတ်လုံးထိန်းသိမ်းထားနိုင်ခဲ့တယ်။
     ရန်သူအ၀ိုင်းခံနေရစဉ်အတွင်း Baden-Powell သည် Mafeking
 မြို့ အတွင်းရှိ လူငယ်များကို ကင်းထောက်စာများ  စာပို့  ၊သတင်းပို့ 
လူငယ်များ ၊ရှေ့ ဉီးသူနာပြုများအဖြစ် လေ့ကျင့် အသုံး ပြုခဲ့တယ်။ထို
ကဲ့သို့ လူငယ် များကို အသုံးပြုခြင်းဖြင့် လူကြီး လူရွယ်များကို တိုက်
ခိုက်ရေးနေရာများတွင် အသုံးချနိုင်ခဲ့ခြင်းကြောင့်  အင်အားကြီးသော
ရန်သူ Boer War တပ်ကြီးကို ကြံ့ကြံ့ ခံနိုင်ခဲ့ခြင်းဖြစ်တယ်။ 
ထိုမှစ၍Baden-Powell သည်လူငယ်လေးများအား  “ကင်းထောက်’’
စည်းမျဉ်းနှင့် စာရိတ္တကောင်းမွန်ရေးကိုရှေ့ ရှု့ သောအခြေခံများဖြင့်အ
ကောင်းရတနာတွေများဖြစ်လာနိုင်သည်ကိုသဘောပေါက်လာခဲ့တယ်။  
စည်းခဲ့ရာအောင်မြင်ခဲ့တယ်။ လူငယ်လေးများသာမကမိန်းကလေးများ
သည်လည်း ကင်းထောက်လုပ်ငန်းကိုစိတ်ပါဝင်စားလာကြသဖြင့် အနာ
ဂတ်အတွက်ရည်ရွယ်ချက်ကောင်းမွန်သောကင်း  ထောက်လုပ်ငန်းကို
1910 ပြည့်နှစ်တွင် ညီမဖြစ်သူ  Agnes အကူညီအဖြင် "့Girl Scouts.''
အမျိုးသမီးအဖွဲ့ များကိုလည်း အောင်မြင်စွာဖွဲ့ စည်းနိုင်ခဲ့တယ်။
ကင်းထောက်ပညာကိုစတင်တည်ထောင်ခဲ့သောRobert Baden-Powell
ဟာ  1941 ခုနှစ်  January  (လ  8  (ရက်နေ့  အသက် ( 83) နှစ်မှာ
Nyeri, Kenya နိုင်ငံတွင်အနိစ္စရောက်ခဲ့တယ်။  
         "ကင်းထောက်ပညာ''  ကို မွေးဖွားပေးခဲ့သောBaden-Powell ရဲ့
Reconnaissance ကိုလေးစားသောအားဖြင့်ကျွန်တော်တို့  သည်တိုင်း
ပြည်နှင့်လူမျိုးအတွက် Scouting for Boys. &့ Girl Scouts.''လေးတွေ
မွေးဖွားကြည့်ကြပါစို့                          
                                                               သံလာဝတီ
                                                                  ( မုံရွာ )
No comments:
Post a Comment